ငေးမဝသာ
တောင်တောရုံလို့
ပိတ်မြူအကြား
မှုန်ဝါးမထင်
မပီပြင်တဲ့
သေးနုပ်ပြာညို
လမ်းတိုလေးဝယ်
ပင့်သက်ရှူခိုက်
သင်းပျံ့ကြိုင်တဲ့
မြေရနံ့လည်း
တမ်းတမိပေါ့
#လွမ်းရနံ့
#ပိုင်တံခွန်
ကျနော်ကြီးပြင်းခဲ့တဲ့ မြို့လေးကို သတိရလို့ပါ
အခုတော့ ယမ်းငွေ့ နဲ့ ယမ်းအနံ့ ကြားက သွေးစွေးတဲ့မြေရနံ့ပဲ ကျန်ခဲ့ပြီ